"ပညာသည်သာ"
ပညာပြည့်ဝ နှလုံးလှအောင်
အသုံးမကျတဲ့ မာန ရှောင်..............
ပညာစိတ်ထား လူတိုင်းပွှားက
အမှုတိုင်း ကိုအောင်နိုင်သည်..............
ပညာပြည့်ဝ နှလုံးမလှသော်
အရှုံးဘ၀နှင့် မိုက်ကာပျော်
သူ့မှာတမော်မော်..................
တိုင်းပြည်ကို အလှတွေဖော်ကျူး
ပျော်မြူးစွာ မနေခဲ့ရတဲ့ သူတို့ဘဝ
တုမရအောင်တန်ဆာတွေဆန်းပါလို့
ဖန်ဝါနေမင်းကြီးအလား နောက်သို့ကွယ်ချိန်.....
"အောင်ဆန်း" ဆိုတာဇမ္မူမှာတစ်လူမို့
မဟူရာကောင်းကင်အောက်မှာ အိပ်စက်ခဲ့ပြီ
အတိတ်ရဲ့သဘောကို ပြန်ကောက်ကာပြောချင်မိပါရဲ့
အကြံပေါက်စွာ တို့နောင်အမျိုးတွေက
ညီညွှတ်ကြစို့ ....................
သာလာချေစွမ်း မိမာတာ၏
နီတာသွေ့သွေ့ နှလုံးသွေးသည်
သည်းကြားသူ့သား နို့စို့ညားသော်
သားမြတ်ဖျားသို့ ရောက်လာညားအံ့
ဖော်စွာခွာသွေး ဖြူဖြူဖွေးသည်
ချစ်သွေးလူလှ ချစ်သောကြောင့်
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်
လောကဒဏ်
ဒုက္ခတွေအုံဝိုင်းနေလို့ တုံ့ဆိုင်းနေတဲ့ မင်းခြေလှမ်းတွေ
အားတင်းကာ ဆက်လျှောက်
အသက်ပါပျောက်တဲ့ထိ ကြိုးစားပါ......
အချစ်မစစ် အလစ်ကစ်ချင်နေတဲ့ ခေတ်သစ်ချစ်တီးတွေလို
အဖိုးမများ တန်ခိုးထွားပြီး မရိုးသားတဲ့လူတစ်စုကြောင့်
တူထုသလိုပြားပြားမှောက် ကုန်ပြီနော်.......
ကဗျာမှော်စည် ဆရာဇော်ဂျီ ရေးသလို
အတွေပိုကာစဉ်းစားမိပါရဲ့
အရေးဆိုဒို့မြန်မာများ အိပ်နေတုံး..........
ထလော့မြန်မာ ဒို့မြန်မာတို့ နှိုးပင်နှိုးညား ထိုလူသားက
အိပ်လို့ကောင်းတုံး အိပ်နေတုံးမို့
' ဒိတ်' ဆိုရင်ထဲပူမိပါရဲ့ ရွှေမြန်မာ...........
မရေရာတာတွေ ဘေးဖယ်ပြီး သေချာတာတစ်ခုပြောရမယ်ဆိုရင်
ကြေညာနေတာတွေနဲ့တော့ တကယ်မလုံလောက်တော့ပါဘူး
ခြ / ပျားပမာမစည်းလုံးလို့ ထီးရှုံးခဲ့တာလည်း အများအမြင်ဆိုတော့
အမှားတွေပြင်ကြရအောင် ဒို့မြန်မာများ.........
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်
အနန္တဂိုဏ်းဝင် အဓိကထားသည့်
မိဘနှစ်ပါးကြီးကျယ်စွာ….
လက်ဦးဆရာ ဗြမ္မာလားသို့
ဘဂ၀ါဘုရားဟောခဲ့တာ….
သူတို့မွေးသော ကျေးဇူးမြတ်ကို
ကျွေးအထူးဆပ်ဖို့နားလည်ပါ…
.
စွမ်းနိုင်လျှက်သား အိုမင်းညား
ပစ်ထားသူရုပ်မာ….
အဲ့ဒါကြောင့် ဗုဒ္ဓထုတ်ဟော
အရုပ်သဘောကင်းစေရာ….
မိဘမေတ္တာ
စမ်းရေပြာနှင့်
ပမာနှိုင်းဆို မနှိုင်းလိုပါ
ပမာနှိုင်းဆို မနှိုင်းလိုပါ
ထိုစမ်းနွေမှာခမ်းသောကြောင့်….
မိဘမေတ္တာ
ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို မနှိုင်းလိုပါ
ပမာနှိုင်းဆို မနှိုင်းလိုပါ
ထိုပန်းနွေမှာ နွမ်းသောကြောင့်….
မိဘမေတ္တာ
လစန္ဒာနှင့်
ပမာနှိုင်းဆို မနှိုင်းလိုပါ
ပမာနှိုင်းဆို မနှိုင်းလိုပါ
ထိုလ, တိမ်ဖုံးမသာသောကြောင့်…
tar
အမေ မရှိလျှင်လှ
ရွှေအတိစဉ်စေဦးတော့
အသွင်သာ အမြင်ဆန်းပေလိပ်
အသွင်သာ အမြင်ဆန်းပေလိပ်
အမေရှိလျှင်ပေါ့
ရွှေမရှိချင်နေစေဦးတော့
အဆင်းဗလာ မွဲနုတ်သေးသော်လည်း
တဲစုတ်လေးက အေးရိပ်ငြိမ်…………
ခွဲမထွက်နိုင်ဘူး
စွဲညို့တယ် အမေနဲ့အိမ်
ငြိမ်သက်အမြင်လှတရားက
သားအမိ အိမ်, ပတ္တမြားမစီ၊ စိန်မစီပေမယ့်
မမှိန်ပြီ မေတ္တာတန်ခိုးတွေကြောင့်
အမေရယ် ဘယ်တော့မှရိုးလို့မသွားပါ……..သားအမိ အိမ်, ပတ္တမြားမစီ၊ စိန်မစီပေမယ့်
မမှိန်ပြီ မေတ္တာတန်ခိုးတွေကြောင့်
လောကဒဏ်ဒုက္ခတွေအုံဝိုင်းနေလို့ တုံ့ဆိုင်းနေတဲ့ မင်းခြေလှမ်းတွေ
အားတင်းကာ ဆက်လျှောက်
အသက်ပါပျောက်တဲ့ထိ ကြိုးစားပါ......
အချစ်မစစ် အလစ်ကစ်ချင်နေတဲ့ ခေတ်သစ်ချစ်တီးတွေလို
အဖိုးမများ တန်ခိုးထွားပြီး မရိုးသားတဲ့လူတစ်စုကြောင့်
တူထုသလိုပြားပြားမှောက် ကုန်ပြီနော်.......
ကဗျာမှော်စည် ဆရာဇော်ဂျီ ရေးသလို
အတွေပိုကာစဉ်းစားမိပါရဲ့
အရေးဆိုဒို့မြန်မာများ အိပ်နေတုံး..........
ထလော့မြန်မာ ဒို့မြန်မာတို့ နှိုးပင်နှိုးညား ထိုလူသားက
အိပ်လို့ကောင်းတုံး အိပ်နေတုံးမို့
' ဒိတ်' ဆိုရင်ထဲပူမိပါရဲ့ ရွှေမြန်မာ...........
မရေရာတာတွေ ဘေးဖယ်ပြီး သေချာတာတစ်ခုပြောရမယ်ဆိုရင်
ကြေညာနေတာတွေနဲ့တော့ တကယ်မလုံလောက်တော့ပါဘူး
ခြ / ပျားပမာမစည်းလုံးလို့ ထီးရှုံးခဲ့တာလည်း အများအမြင်ဆိုတော့
အမှားတွေပြင်ကြရအောင် ဒို့မြန်မာများ.........

No comments:
Post a Comment